ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မွမ်းမံသင်တန်းမှာ ရဲဘော်တွေအနေနဲ့ နိုင်ငံရေးအသိအမြင်တိုးပွါးလာစေဖို့၊ အမိန့်နာခံမှု ပိုမိုအားကောင်းစေဖို့၊ ကိုယ်ကာယပိုင်း ကျန်းမာသန်စွန်းလာစေဖို့နဲ့ စစ်ရေးသင်ခန်းစာတွေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို  စစ်ဘက်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး သင်တန်းပြီးမြောက်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါတယ်လို့ KNDF -BO3 က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး တော်လှန်‌ပြည်သူတွေ ဝန်းရံပေးကြဖို့ တောင်းဆို (ရုပ်/သံ)


လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ နေပြည်တော်အနီး ချဉ်းကပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးမယ့် အကူအညီတွေ လိုအပ်နေတဲ့အတွက် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) တပ်ရင်းမှူး ဇင်ယော်က အခုလို တောင်းဆိုထားပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် နန်းမြင့်တောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ကနေ တောင်သာမြို့နယ် နန်းမြင့်တောင်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို မတ်လ ၂၅ ရက်မှာ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force ထံက သိရပါတယ်။