စစ်ရိပ်စစ်ငွေ့သန်းနေပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမြို့မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်သွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ စစ်ရေးအခြေအနေ စတင်တင်းမာနေစဉ်မှာပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီး မြန်မာနိုင်ငံမှာ ရပ်နားထားရတဲ့ တရုတ်စီမံကိန်းတွေထဲက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်ဖို့  စစ်ကောင်စီဘက်က ကြိုးပမ်းလာခြင်းလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့မှာ  မြန်မာ-တရုတ်​ရေနံနှင့်သဘာဝဓာတ်​​ငွေ့ပိုက်လိုင်း စီမံကိန်း အပြင် တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းနှင့်​ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွေလည်း ရှိနေတာပါ။

ရခိုင်ပြည်နယ်တစ်ခွင် အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ဖို့ ကျန်ရှိနေတဲ့မြို့တွေထဲမှာ ကျောက်ဖြူမြို့ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချု့် လက်မှတ်ရေးထိုးခြင်း အခမ်းအနား

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း  စစ်ကောင်စီနဲ့ တရုတ် သဘောတူလက်မှတ်ရေထိုးခဲ့တဲ့  မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ စာချုပ်အရ တရုတ်လုံခြုံရေးအဖွဲ့ဝင်တွေဟာလည်း ကျောက်ဖြူမြို့ကို လာရောက်အခြေချပြီး လုံခြုံရေးယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ  မြန်မာ-တရုတ် ပူးပေါင်းရင်းနှီးမြှုပ်နှံထားတဲ့ အကြီးစား အခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာဘက်က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့် ၄ဆင့်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုနဲ့ နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က  တရုတ်နိုင်ငံနဲ့ ကနဦး သဘောတူညီမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ထိုးစစ်မရပ်တန့်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချိန်ညှိပြီး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု JCS ထုတ်ပြန် 

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။