ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်က “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ စာတန်းပါ မီးပုံးပျံကို နေပြည်တော်မီးပုံးပျံပွဲမှာ လွှတ်တင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

“လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ “ စာတန်းပါ မီးပုံးပျံကို ချိတ်ဆွဲလွှတ်တင်တဲ့နေ့မှာပဲ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။

“လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ “ စာတန်းရဲ့ အဓိပ္ပာယ်က ဘာကိုဆိုလိုလဲဆိုတာကိုတော့ ဝါဒဖြန့် မီဒီယာတွေမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ Mr. Alexey Sambuevich Tsydenov တို့ တက်ရောက်တဲ့ နိုဝင်ဘာ ၁၅ ရက် ညက နေပြည်တော်မီးပုံးပျံပွဲမှာ “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” စာတမ်းချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီက နေပြည်တော်မှာ တန်ဆောင်တိုင်ဆင်နွှဲနေချိန် စစ်တပ်ရဲ့လေတပ်က ကျေးလက်နဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးတွေပြုလုပ်နေပြီး နိုင်ငံတဝန်းမှာလည်း သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ မိုင်းထောင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝေါမြို့နယ်မှာ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့…

ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကျန်းမာရေးစောင့်ရှောက်မှု မရရှိလို့ စစ်အာဏာသိမ်း ကာလအတွင်း အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။