စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ဒီနေ့ မနက်ပိုင်းက စတင်ပြီး အင်အား ၁၅၀ ကျော်နဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်၊ ကာဘိုးအထိုင်စခန်းကနေ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလမ်ငတန်းရွာမှာ အင်အားချပြီးနောက် ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးရွာကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
“တန့်ဆည်နယ်အရှေ့​တောင်ခြမ်းရှိ တပ်သစ်၊ ကြို့ထိန်း၊ ရွာသူကြီး၊ ကလဇင် ရွာတွေနဲ့ ရေဦးနယ်မြောက်ဘက်ခြမ်းရှိ ရွာဗုကြီး၊ ဆီဆုံ၊ ပေကုန်း၊ စီးမ၊ ရွာရှည်၊ မုံတိုင်ပင်၊ အင်ပင် စတဲ့ရွာတွေ ပြေးနေကြရတယ်။ စစ်ရှောင်ပြည်သူ ၅၀၀၀ လောက်ရှိပါတယ်။ လက်ရှိချိန်ထိတော့ မီးရှို့တာ မရှိသေးပါဘူး။” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်ထဲမှာ ရွာစဉ် မီးပတ်ရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး အခု ရေဦးနယ်အတွင်းကို ဝင်ရောက်လာတာကလည်း နယ်မြေချဲ့လိုတာကြောင့် စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ တန့်ဆည်နယ်တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာအထိုင်ချထားတဲ့ စစ်ကြောင်းကလည်း အင်အား (၅၀) ခန့်နဲ့ တနယ်ရွာဘက်ကနေ စတင်စစ်ကြောင်းထိုးလာပြီးနောက်မှာ တန့်ဆည်နယ်တောင်ပိုင်းက ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ကိုထူးခန့်ဇော်က ဆက်လက်ပြီး “တန့်ဆည်နယ်အရှေ့ခြမ်းကနေ ရေဦးနယ်မြောက်ဘက်ခြမ်း ဝင်ရောက်လာတဲ့ စစ်ကြောင်းက ဆီဆုံရွာမှာ တပ်စွဲထားတယ်။ ပြောရမယ်ဆိုရင် တန့်ဆည်နယ်တောင်ဘက်ခြမ်း ခပေါင်းကြိုင်ရွာ မီးရှို့နေတဲ့ အင်အား ၅၀နဲ့က စစ်ကြောင်းတကြောင်း၊ တန့်ဆည်နယ်အရှေ့ခြမ်းကနေ ရေဦးနယ်မြောက်ဘက်ခြမ်း ဆီဆုံရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ကျော်နဲ့ စစ်ကြောင်းက တကြောင်း။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တန့်ဆည်နယ် တောင်ဘက်ခြမ်းက ခပေါင်းကြိုင်ရွာကို မီးရှို့နေတဲ့ စစ်ကြောင်းရန်ကြောင့် တနယ်၊ ခပေါင်းကြိုင်၊ စိမ်းစား၊ အရှေ့ကုန်းရိုး၊ အနောက်ကုန်းရိုး စတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေကို တွေ့ရစဉ်
0 Shares:
You May Also Like
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အမေရိကန်က ပြည်ပအကူအညီ ပေးအပ်မှု ၃ လတာ ရပ်ဆိုင်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကား ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် လှိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရ

မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ "ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။