မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး – ပြင်စည်လမ်းပိုင်းမှာ ခရီးသည်တင်ကား၁စီးကို စစ်ဆေးရင်း စစ်အသုံးဆောင်တွေနဲ့ ဆက်စပ်ပစ္စည်းတစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ်၊ ပြင်စည်-နွားထိုးကြီးလမ်းပိုင်းမှာ ရှောင်တခင်စစ်ဆေးရေးလုပ်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခရီးသွားကားတစ်စီးကို စစ်ဆေးရင်း အခုလို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
” ကျနော်တို့ ရဲဘော်တွေက မြင်းခြံ နဲ့ နွားထိုးကြီးလမ်းပိုင်းတွေကို အခြေအနေအလိုက် တက်ပြီး စစ်ဆေးတာမျိုးတွေ လုပ်တက်ပါတယ်။ အဲ့မှာ ခရီးသည်ယာဥ်နဲ့ တင်လိုက်တာတွေ မိတာပေါ့။ လူတော့ ပါမလာပါဘူး။ လက်ရှိတော့ တပ်ရင်း ၄ကပဲ ပစ္စည်းတွေကို ထိန်းသိမ်းထားပါတယ်။” လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ အနေနဲ့ အခုလိုမျိုးရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးတွေကို ​မကြာခဏဆိုသလို လုပ်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို တင်ဆောင်ခြင်းမပြုဖို့နဲ့ စစ်ဆေးမှုကိုကြည်ကြည်ဖြူဖြူလက်ခံပေးဖို့ တောင်းဆိုထားပါတယ်။
လက်ရှိအခြေအနေအရ မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ MDSO မြင်းခြံခရိုင် အထူးစစ်ဆေးရေးလုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြားစစ်ရေးတင်းမာနေချိန်လည်း ဖြစ်ပါတယ်။
ပုံစာ – မြင်းခြံခရိုင်၊ တပ်ရင်း ၄ က သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းများ
0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။