စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနေ့က (တန်ဆောင်မုန်း လပြည့်နေ့) တန်ဆောင်တိုင် အမှတ်တရအဖြစ် မြို့နယ် ပကဖ ရဲဘော်တွေကို မြို့နယ် ပအဖ နာယက၊ ပအဖ ခေါင်းဆောင်နဲ့ ဌာနဆိုင်ရာအသီးသီးရဲ့ ရေးရာတာဝန်ခံတွေက အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ၊ လမ်းညွှန်မှုတွေ အသီးသီးပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဝါဒခံယူကြတဲ့ မြို့နယ် ပကဖ ရဲဘော်တွေကို ဆောင်းရာသီမှာ ဝတ်ဆင်နိုင်ဖို့ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ တံဆိပ် ရိုက်ထားတဲ့အနွေးထည်တွေ ပေးခဲ့တဲ့အပြင် ရဲဘော်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အသုံး အဆောင်ပစ္စည်းတွေကို မဲဖောက်ပြီး ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို မြို့နယ် ပအဖ နာယက/ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ ဒုခေါင်းဆောင်၊ တရားရေး ဥက္ကဌ၊ တရားရေးအဖွဲ့ဝင် ၁၊ တရားရေး အဖွဲ့ဝင် ၂၊ အခွန်တော် အရာရှိ၊ ဘဏ္ဍာရေး၊ တွဲဘက်ဘဏ္ဍာရေး၊ သယံဇာတ၊ ပြည်သူ့ရင်ခွင်၊ လူသားစာနာ၊ လူ့အခွင့်အရေး၊ လျှပ်စစ်၊ မွေးမြူ ရေးနှင့်ကုသရေး၊ စိုက်ပျိုးရေး၊ သတင်းပြန်ကြား ရေး၊ ဆက်သွယ်ရေး တာဝန်ခံ၊ ပအဖ အဖွဲ့ဝင် ပညာရေး စု ၁ စုမှူး၊ မြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေး တာဝန်ခံ၊ စစ်လက်နက် စုဆောင်းရေး တာဝန်ခံ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်ရဲမေတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံးစီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။