အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ ပြည်ပထွက်ရောက် အလုပ်လုပ်သူတွေအနေနဲ့ စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရရင် မိခင်နိုင်ငံကို အချိန်မီ ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရပါတယ်။

“မြန်မာနိုင်ငံမှာ လုပ်ငန်းကိုင်ငန်း အဆင်မပြေလို့ အလုပ်အကိုင်ရှားပါးလို့ ငွေကြေးအမြောက်အမြား ကုန်ကျခံပြီး ပြည်ပထွက် အလုပ်လုပ်ပါတယ်ဆိုမှ သူတို့ခေါ်တိုင်း ပြန်စရာလား။ လက်မှတ်ရေးထိုးခဲ့ရတယ် ဆိုတာကလည်း အကြောင်းအမျိုးမျိုးပြပြီဂ ရစ်နေလို့ ထိုးပေးခဲ့တာ” လို့ ထိုင်းနယ်စပ်တစ်နေရာမှာ အလုပ်လုပ်ကိုင်နေသူတစ်ယောက်က ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံရှိ CI ရုံးတစ်ခုမှာ အလုပ်လုပ်ခွင့်နှင့် ယာယီနေထိုင်ခွင့်ကိစ္စရပ်များအတွက် လျှောက်ထားရန် ပြင်ဆင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ (ဓာတ်ပုံ Bangkok Service)

ပြည်ပရောက်မြန်မာတွေ စစ်မှုထမ်းအတွက် မိခင်နိုင်ငံကို ပြန်လာဖို့ ညွှန်ကြားစာကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလနောက်ပိုင်းမှာ ပြည်ပထွက်မယ့် မြန်မာလုပ်သားတွေကို အတင်းအကျပ် စာချုပ်လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်နေတဲ့ အလုပ်သမား အေဂျင်စီတွေကနေ MOU နဲ့ ထွက်တဲ့ အလုပ်သမားတွေကတော့ မသိဘူး။ ကိုယ်တွေလည်း အေဂျင်စီကနေ ကျပ် ၄၅ သိန်းပေးပြီး ထွက်ခဲ့တာပဲလေ။ ကိုယ်အခုပ်လုပ်နေတဲ့ နိုင်ငံမှာ နားလည်မှုနဲ့ သူတို့ ဥပဒေ လိုက်နာပြီး အဆင်ပြေအောင်နေပြီး အလုပ်ရှင် သဘောကျအောင် နေထိုင်လုပ်ကိုင်ရင်တော့ ရမယ်ထင်တာပဲ” လို့ အထက်ပါ မြန်မာလုပ်သားက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။