မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၂ရက်နေ့ မနက်အစောပိုင်းက တောင်သာမြို့နယ်၊ ဇဂျမ်းရွာအုပ်စု၊ ဇဂျမ်းရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က တွဲဖက်ဗိုလ် တစ်ယောက် အပါအဝင် ၅ယောက် သေပြီး ၅ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇဂျမ်းရဲစခန်းကို တိုက်ခိုက်နေတုန်း မြင်းခြံမြို့ကနေ စစ်ကူထွက်လာတဲ့  သီတာယုမွန် ပျူစောထီးတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းအဖွဲ့ရဲ့ ကားတန်းကိုလည်း တော်လှန်ရေးတပ်တွေက ပဒေသာမိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ မီတာ၅၀အကွာကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖက ပြောပါတယ်။

ဒီလို မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ၁၇ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိတ္ထီလာဆေးရုံပေါ် ဒဏ်ရာအပြင်းအထန်နဲ့ ကုသနေသူ ၂ယောက်အပါအဝင် စစ်တပ်လက်ပါးစေ ၁၂ယောက်နီးပါးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို တောင်သာမြို့နယ် ပကဖ (TTA People Defence Force)နဲ့အတူ Burmese Guerrilla Force-MGN (BGF) ၊ Anyar Fedral Task Force ၊ ညောင်ဦးခရိုင် တပ်ရင်း အမှတ် ၅၊ ညောင်ဦးပကဖနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်၏ (Sniper)စနိုက်ဘာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား…

မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် (NMSP-AD/ RMA) ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၉)ရက် မနေ့က လွတ်‌မြောက်နယ်‌မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခ အခြေစိုက် မုံရွာမြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာမြို့ မုဒ်ဦးရှေ့တို့မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွလူငယ်တွေ ပူးပေါင်းပြီး ၃၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ စစ်ကောင်စီကားတွေကို မိုင်းဆွဲ၊ ထိခိုက်သေဆုံးမှုတွေ ရှိ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းအတိုင်း လာတဲ့အကြမ်းဖက်စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Popa Guerrilla Force ( PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရခိုင်ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်တွေကို အကြမ်းဖက်စစ်တပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက်…
Read More

NCA ဟာ စက္ကူစုတ်တခု ဖြစ်သွားပြီဟု တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပြော

စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြဖို့နဲ့ NCA ဟာ စက္ကူစုတ်သာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၆ခုက အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲ သဘောထားထုတ်ပြန်လာပါတယ်။