ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က စလို့ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်ထဲက ကျေးရွာတွေဆီ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိခဲ့ကာ အရပ်သားတွေထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၃ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်နေတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်​ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ရက်၊ မနေ့က မနက်အစောပိုင်းမှာလည်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည် တမံ ၁ တိုက်ပြာနဲ့ သစ်လုံးဆောင်ကြား စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု ခံလိုက်ရတဲ့ စစ်ကောင်စီတပ်က ဘော်ဘင်ဆည် တမံ ၂ဘက်ဆီ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ရင်းနဲ့ပဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကိုတေဇမင်းက ပြောပါတယ်။

BTZM GBK PDF ၏ ထုတ်ပြန်ကြေညာချက်

လက်ရှိမှာ ၃ပတ်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြောင့် ကြို့ပင်ကောက်မြို့နယ်ထဲက ရွာပေါင်း ၈ရွာထက်မနည်းဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“ပြီးခဲ့တဲ့​အောက်တိုဘာ ၂၄ကတည်းကတောက်လျှောက် စစ်ကြောင်းထိုးနေတာ။ အင်အားက ၂၀၀ နီးပါးပါတယ်လို့ သိရတယ်။ ရိုးမကိုအပြတ်ချေမှူန်းမယ်လို့လည်း သိရတယ်ပေါ့။ သင်္ခရိုင်ရွာနဲ့ ဆည်တော်ဦးရွာဆိုရင် အခုချိန်ထိ နေရပ်မပြန်ရသေးပါဘူး။ အရပ်သားပြည်သူတွေကတော့ ဆုံးရှူံးမှုများတယ် ပြောရမယ်။ စစ်ကြောင်းက နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်ယူကြတယ်။ ပြည်သူတွေ အိမ်ပြန်ရောက်ရင်တောင် ဘယ်လိုအစကပြန်စရမယ် မသိလောက်ဘူး။ ကျနော်တို့တပ်ဖွဲ့တွေကတော့ တိုက်ပွဲကြားမှာ သုံးရတဲ့ခဲယမ်း လက်နက်တွေကလွဲလို့ ဘာမှမရှိပါဘူး။ ခဲယမ်းအင်အား ဖြည့်တင်းဖို့တော့ လိုအပ်နေပါတယ်။” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်နည်းတူ မနေ့က (နိုဝင်ဘာ ၁၂) ထိတွေ့မှုဖြစ်ခဲ့တဲ့ ဇီးကုန်းမြို့နယ်ထဲက ကျေးရွာတချို့လည်း စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဇီးကုန်းမြို့ရဲ့ ၃ပုံ၂ပုံက ကြံ့ဖွတ်နဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံးလို့ပြောရပါမယ်။ တိုက်ပွဲတွေဖြစ်နေလို့အခုချိန်ကာလမှာ အရပ်သားပြည်သူတွေအနေနဲ့ စကစဘေးမှာ ရှိမနေသင့်ပါဘူး။ စကစနဲ့ လွတ်ရာမှာ နေထိုင်ကြဖို့ကိုပဲ ထပ်မံပန်ကြားချင်ပါတယ်” လို့ ကိုတေဇာမင်းက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီထံမှ ပြည်သူ့စစ် သုံးဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ

ချင်းပြည်နယ်၊ ဟားခါးဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ပြည်သူ့စစ် ၃ ဦးဟာ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတယ်လို့ Chinland Defense Force – Hakha က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေထည်နဲ့ငွေသားများ ယူဆောင်ကာ မောင်တော နခခ (၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။