ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက် ဒီနေ့ နေ့လည်ပိုင်းက နောင်ချိုမြို့မစျေးနေရာမှာ စစ်ကောင်စီတပ်က ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁၁) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရရှိခဲ့သလို နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်မှာလည်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၅) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆမ္မဆယ်ရွာက လက်နက်ကြီးထိမှန် ပျက်စီခဲ့သည့် ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ The Ta’ang Post)
ဆမ္မဆယ်ရွာက လက်နက်ကြီးထိမှန် ပျက်စီခဲ့သည့် ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ The Ta’ang Post)

ဒါ့အပြင် စစ်ကောင်စီတပ်က ဘန့်ဘွေးရွာကနေ ဆမ္မဆယ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရွာဘုန်ကြီးကျောင်းတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌ဒေသခံပြည်သူ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိရှိဖို့ လိုအပ်ပြီး လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဉ်က ပြန်ရောက်ပြီးရက်ပိုင်းအတွင်းမှာပဲ အခုလို ပြည်သူအများအပြား သေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီလေတပ်က ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဆမ္မဆယ်ရွာက လက်နက်ကြီးထိမှန် ပျက်စီခဲ့သည့် ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

မိုးညိုမှာ စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ် ၃၀ နီးပါး ဖမ်းခံထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ကျားဖြန့်တွေဆီမှာ လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို ထိုင်းအစိုးရထံ DKBA လွှဲပြောင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 
Read More

ရှမ်းတောင်နဲ့ ကရင်နီဒေသက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ PNO က ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေဟု BWCI အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသက အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများကို  ပအိုဝ်းပြည်သူ့စစ် (PNO) မှ လုပ်ဆောင်လာတယ်လို့ Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့က စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ က ရဲဘော်တွေကို လက်နက်တပ်ဆင်ပေး

မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးဒေသမှာ စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်အများစု ချင်းနှင့်ရခိုင် စစ်မျက်နှာတွေဆီ ပို့ဆောင်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် ဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင် စစ်မျက်နှာတွေဆီအတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။