KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
KTLA တပ်မဟာ (၆) ဗျူဟာမူး ဗလာန ဦးဆောင်တဲ့ Black Rainbow ဗျူဟာစစ်ကြောင်း (၂) နဲ့ ဗိုလ်ဟယ်ရီ ဦးဆောင်တဲ့ Freedom Fighter စစ်ကြောင်းတို့ ပူးပေါင်းပြီး ကော်သူလေး နယ်မြေထဲမှာ ကင်းလှည့်ခြင်းတွေ၊ နယ်မြေရှင်းလင်းခြင်းတွေ ပြုလုပ်နေကြောင်း KTLA တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်
ပုံစာ KTLA အဖွဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့(ရုပ်/သံ)မှ
0 Shares:
You May Also Like
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။