ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင့်တပ်တော် AA က ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး တပ်စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရင်း ဂွမြို့နယ်အနီးကို ရောက်လာလို့ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကတော့ ဒီရက်ထဲ ဆက်တိုက်ဖြစ်နေတာပဲ။ အကြမ်းဖက်စစ်တပ်စခန်း အတော်များများနဲ့ လက်ရုံးတပ်တွေကို အရက္ခတပ်တော် AA က သိမ်းပိုက်တာတွေလည်းရှိတယ်။ မနက်ကလည်း ဂျိုင်းကောက်ရွာအဝင်နဲ့ သရက်တောင်ဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်လို့ဂွမြို့ဒေသခံတစ်ယောက်ကမောင်းကိုပြောပါတယ်။

ပိန္နဲကုန်းနဲ့ ဇီးကုန်းကျေးရွာက ဒေသခံတွေကတော့ မနက်မိုးလင်းကတည်းက စစ်ဘေးရှောင်နေကြတယ်။ မကြာခင် ရခိုင့်တပ်တော် AA က အဲဒီကျေးရွာတွေအထိ ထိုးစစ်ဆင်လာနိုင်တယ်။ အကြမ်းဖက်စစ်တပ်ကလည်း တာဝေးပစ်ဒုံးတွေ အမြောက်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့က တပ်ရင်းနှစ်ခုနဲ့ ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နဲ့အနီးဆုံး ကျိန္တလီဒေသကိုလည်း ထိန်းချုပ်ထားပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်နဲ့ဧရာ၀တီနယ်စပ်က ဂွမြို့ကို ရက်ပိုင်းအတွင်း AA ရဲ့ ထိုးစစ်တွေ ရောက်လာနိုင်ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်မယ့် သဘောရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၊ အဆိုပါနေအိမ်ကို မီးငြှိမ်းသတ်နေချိန် လက်နက်ကြီးထပ်မံကျရောက်လို့ ပကဖရဲဘော် ဇနီးမောင်နှံအပါ ၄ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။