“တော်လှန်ရေးလို့ပြောတာကတော့ မတရားမှုကို တွန်းလှန်တဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တော်လှန်ရေးသမားတွေ ဖြစ်တယ်လို့ ခံယူတာနဲ့အညီ ကျနော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ စုစည်းဖို့ အရေးကြီးပါတယ်။ ရန်သူကို ကျနော်တို့က လက်နက်အင်အား အခြားသော အင်အားများနဲ့ ယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ပြီး စုစည်းတဲ့ ခွန်အားကပဲ တကယ့်ခွန်အား အစစ်အမှန်ဖြစ်ပါတယ်ဆိုတာ ကျနော်တို့ အမြဲတမ်း သတိချပ်ဖို့လိုပါတယ်”
ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံလို့ ပေါ်ထွန်းလာတဲ့ အချိန်ကတည်းက တစုတစည်းတည်း နိုင်ငံကို မတည်ဆောက်နိုင်ခဲ့တဲ့အတွက် ဒီနေ့အထိ ဖရိုဖရဲဖြစ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးဟာ အစီအစဉ်တကျ တော်လှန်ပြီး အစီအစဉ်တကျ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် အခွင့်အရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်း လုပ်တာမဟုတ်ဘဲ အနာဂတ်အတွက် တည်ဆောက်နေတာ ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောခဲ့ပါတယ်။
Video – Chin Liberation Fund