စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ Generation Z Power က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စစ်ကိုင်းမြို့ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းထဲရှိ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးနေအိမ်နဲ့ ကတုတ်ကျင်းတွေ ထိခိုက်ပျက်စီးပြီး စစ်ကော်မရှင်တပ်သားတွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုက လက်နက်ငယ်တွေ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Generation Z Power

0 Shares:
You May Also Like
Read More

ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ မန္တလေးသံလျှက်မှောက်အနောက်ရပ်ကွက် မီးလောင်ပြာကျခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့ သံလျှက်မှောက်အနာက်ရပ်ကွက်ဟာ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ အကျိုးဆက် အဖြစ် မီးလောင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကူမှာ စစ်တပ်ရဟတ်ယာဉ်များ တိုက်ခိုက်ခံရသည့် ရုပ်/ သံ ဖိုင်

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ထောက်ပံ့ရေးပြုလုပ်နေတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်သား အများအပြား သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးည်ကြီးကျေးရွာရှိ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။