မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်ကစလို့ ၂၆ ရက်အထိ ချောက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်တပ်ဂိတ်တွေ၊ ကားတန်းတွေကို Chauk Revolution Army နဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။

ပထမဆုံးအနေနဲ့ ဒီဇင်ဘာလ ၂၃ ရက် မနက်အစောပိုင်းမှာ ချောက်မြို့နယ်အတွင်း စစ်တပ်အထိုင်စခန်းလုပ်ထားတဲ့ ဖိုကုန်းရွာနဲ့ ကုန်းကြီးပျူစောထီးရွာတွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ထိတွေ့တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၄ ယောက် သေပြီး အများအပြားထိခိုက်ခဲ့တယ်လို့ Chauk Revolution Army တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းမှာလည်း ချောက်မြို့နယ် ကြံခိုင်ရေးပါတီအမတ် ရဲတင့် လိုက်ပါလာတဲ့ ကားတွေကို ကျောက်ပန်းတောင်း- ချောက် ကားလမ်းပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ရဲတင့်ရဲ့ ကားဒရိုင်ဘာအပါအဝင် ၃ ယောက် သေ၊ ၁၀ ယောက် အပြင်းအထန်ထိခိုက်သွားကြောင်း ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း ချောက်မြို့မြောက်ဘက် မြို့အဝင်မှာရှိတဲ့ ကျောက်တဲဂိတ်ကို စီးနင်းခဲ့ကြောင်းနဲ့ စစ်သား ၂ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းမှာလည်း ချောက်မြို့နယ်အတွင်းက သစ်တိုကန်၊ သလုံးသွေး ပြရွာ၊ ကန်တောက်ကျောင်းနဲ့ အိုင့်ကြီး ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ထိုးစစ်ဆင်ရာလမ်းတလျှောက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army တာဝန်ရှိသူကပြောပါတယ်။

(ဓာတ်ပုံ Chauk Revolution Army)

အဆိုပါတိုက်ခိုက်မှုမှာလည်း စစ်သား ၃ ယောက် သေကာ ၁၅ ယောက်နီးပါး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ကိုယ်စီရခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုနဲ့ ၄ ရက်ဆက် ထိတွေ့မှုကို မကွေးခရိုင်စစ်ဌာန ညွှန်ကြားချက်နဲ့ Chauk Revolution Army ၊ SR-7 မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်/ပေါက် ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ဆင်ရေးအမည် တပ်ထားတာတော့ မရှိပါဘူး။ ဒီအတိုင်း ၄ ရက်ဆက် ထိတွေ့ခဲ့တာပါ” လို့ Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကြောင်းဟာ ပြရွာက နေအိမ် ၁လုံး အပါအဝင် ကန်တောက်ကျောင်းရွာက နေအိမ် ၃ လုံးနဲ့ အိုင့်ကြီးရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် စစ်တပ်ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာပဲ အိုင့်ကြီးရွာကနေ ဖိုကုန်းရွာဘက် ဆုတ်ခွာသွားတယ်လို့ Chauk Revolution Army တာဝန်ရှိသူက ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ နောင်ချိုမှာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ ယာယီအပစ်ရပ်ကာလ ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

မောင်တော နခခ(၅)မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အများအပြား အရှင်ဖမ်းမိ၊ စစ်ကောင်စီဘက်က ၄၅၀ ကျော်သေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို AA ထိန်းချုပ်လိုက်ပြီ

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော်အထက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။