ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းနဲ့ ပြည်အစပ် ပေါက်ခေါင်းမြို့နယ်ထဲက ချောင်းကောင်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အချိန်က ချောင်းကောင်းကျေးရွာ၊ အေးဘုရားအနီးမှာ အင်အား ၅၀ ခန့်နဲ့ လက်နက်ကြီးတွေ တပ်ဆင်ကာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“သူတို့က တပ်စွဲထားတာ ကြာပြီလို့ ပြောရမယ်။ အရင်ကတော့ တပ်စွဲလိုက် ပြန်ဆုတ်လိုက်ပေါ့နော်။ အခုကတော့ လက်နက်ကြီးပါ အထိုင်ချလိုက်တယ်။  ပြည်မြို့နယ်မှာ လူကြီးလာတာပဲ ဖြစ်ဖြစ်၊ ဝန်ကြီးလမ်းကြောင်းပဲ ရှိရှိပေါ့နော် အဲ့လိုဆို အမြဲတမ်း လာလာထိုင်ကြတဲ့ နေရာပါ။ အခုကတော့ ရွေးကောက်ပွဲ ကာလဆိုတော့ သူတို့တွေ လာထိုင်ကြတယ်။ အဲ့အချိန်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က မောင်းကို ပြောပါတယ်။ 

တိုက်ပွဲဟာ ၁၅ မိနစ်ခန့်ကြာမြင်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးကာ ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နဲ့ ပြည်ခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချောင်းကောင်းကျေးရွာဟာ စစ်တပ် ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ကျေးရွာစာရင်းထဲ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ခေါင်းဆောင်က နိုင်ငံတွင်းပဋိပက္ခများဟာ အတန်းပညာတတ်မြောက်မှုနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းကြောင့် ဖြစ်ပွားနေဟု ဆို

နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို ဥဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အတန်းပညာတတ်မြောက်မှုနဲ့ သိမြင်တွေးခေါ်နိုင်မှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။