မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ယောက် သေဆုံးကာ စစ်သုံးပစ္စည်းအချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
”စစ်ေ-ွး ၆ ကောင် သေတယ်။ ထိခိုက်ဒဏ်ရာရတာ စစ်ေ-ွး ၄ ကောင် အဲ့စခန်းက အင်အားကတော့ စစ်ေ-ွးတွေ ထပ်ဖြည့်ထားတာတွေနဲ့ဆိုရင် ၆၀ အထက်မှာပဲ ရှိတယ်။ ခွေးစခန်းမှာက ပစ ကတော့ တစ်ဝက်လောက်ရှိတယ်။ စစ်ေ-ွးဘက်က သိမ်းဆည်းရမိတာကတော့ ယူနီဖောင်း တချို့ရယ် ဦးထုပ် တချို့ရယ် ခဲယမ်းလေး နည်းနည်းပါးပါးလေးပဲရတယ်။ စစ်ေ-ွးတွေက သေနတ်တွေယူပြီး ထွက်ပြေးသွားလို့ လက်နက်တော့ မရလိုက်ဘူး။ ကိုယ့်ရဲဘော်တွေလည်း တစ်ယောက်က ကျသွားတယ်။ စခန်းအပေါက်၀မှာ ကျသွားတယ်။ ၄ ယောက်က မစိုးရိမ်ရ ထိခိုက်မိတာတွေရှိတယ်။ စစ်ေ-ွးတွေဘက်က လေကြောင်း ပစ်ကူလာတော့ ကျနော်တို့ အချိန်မီ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ စဉ့်ကိုင်မြို့နယ်ပကဖ က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို စဉ့်ကိုင် ပကဖနဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုန်း Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – စဉ့်ကိုင်မြို့နယ် ပကဖ