မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က အောင်လံမြို့နယ် သမ္ဗူလရဲစခန်းနဲ့ ကပစ ၁၅ကို အကာအကွယ်‌ပေးထားတဲ့ ဆပ်ဆူဝရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ဂိတ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားတွေကလည်း လက်နက်ကြီးနဲ့ ပြန်လည်ကာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Video – Yoma Fighter Column

0 Shares:
You May Also Like
Read More

မကွေးတိုင်းထဲက ကပစ (၂၁) နဲ့ ကပစ (၂၅)ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူနဲ့ ဆော မြို့နယ်များအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ယမန်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ယာဉ် ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ ယောက်ခန့် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။