ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက် စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို PDF တပ်ဖွဲ့ဝင်တွေ တက်ရောက်ပြီး လုံခြုံရေးစိုးမိုးမှုရယူနေချိန် ကားပေါ်ကနေ စကားလှမ်းပြောခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် စစ်အုပ်စုက အဆိုပါ အမျိုးသားကို ဖမ်းဆီးခဲ့တာပါ။

ရုပ်သံဖိုင်အတွင်း PDF တပ်ဖွဲ့ဝင်တွေရှိရာကိုကြည့်ပြီး “မြန်မြန်ဆော်ဗျာ..” လို့ ပြောဆိုခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးဖို့ စစ်အုပ်စုထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖိအားပေးတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီလိုပြောဆိုခဲ့တဲ့ အမျိုးသားကို ဖမ်းဆီရမိပြီဖြစ်ကြောင်းနဲ့ အခင်းဖြစ်နေ့က မောင်းနှင်လာတဲ့ကားကိုပါ သိမ်းဆည်းထားလိုက်ကြောင်း စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေက အောင်ပွဲခံ ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နေ အသက် ၄၉နှစ်အရွယ် ကိုဘိုဘိုသိန်းဆိုသူဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံကိုလည်း ထွက်ပေါ်လာပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း၊ ကျောက်ဆည်လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြား မိုင်တိုင် ၃၃၂ မိုင်နားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက လမ်းပိုင်းစိုးမိုးမှုရယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့က စစ်အုပ်စုရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက လာရောက်ပစ်ခတ်ရင်း ထိတွေ့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသည့် ကိုဘိုဘိုသိန်းနှင့် သိမ်းဆည်းခံထားရသည့်ကား (ဓာတ်ပုံ စစ်အုပ်စု)

0 Shares:
You May Also Like
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်အပါ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

" ရဲစခန်းအနီးကဂိတ်ကို လမ်းကြောင်းခြေနေ အသေးစိပ်စောင့်ကြည့်လေ့လာပြီး အသာစီးရယူလုပ်ဆောင်ခဲ့တာမို့ ၃မိနစ်နဲ့ အမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ သူတို့က ခရီးသွားပြည်သူဆီက ကောက်နေတာ ပြည်သူတိုင်းအသိပါ" လို့ Aung San's Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်၊ စစ်တပ်က မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကနေ တအာင်းတပ် (TNLA)တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။