စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဘုတလင်မြို့ပေါ်ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို လေကြောင်းကနေ လာရောက်ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်းဦးခရိုင် တပ်ရင်း ၃၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့၊ csraf၊ BAMAR Army၊ ဒေါင်းမျိုးဆက်၊ Civil Armed Force၊ P0၊ SBTF၊ Oxygen၊  Snipe Rangers Force (Local – PDF) နဲ့ ဘုတလင်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ညောင်ဦးရင်း ၃

0 Shares:
You May Also Like
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရခိုင်ပြည်ပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေအား ဖမ်းဆီးခဲ့သည့် ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူ ၅ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကို  ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် ယူနီဖောင်း ကျည်ကာ သိန်းထောင့်ငါးရာကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရန်ကုန် ပကဖ တိုက်ခိုက်ရေးအင်အားတွေဆိုတာ အထူးတိုင်းစစ်ဌာနနဲ့ ရန်ကုန်တိုင်းစစ်ဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေးရဲဘော်တွေ ဖြစ်ပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီသုံ့ပန်းထဲမှာ DPLA မှ ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူ ပြန်လည်တွေ့ဆုံ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖမ်းဆီးမိတဲ့ စစ်‌ကောင်စီတပ်သားတွေထဲမှာ DPLAတပ်ဖွဲ့ဝင်ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။