တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲအတုရဲ့ မဲရုံကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ လုံခြုံယူထားတဲ့ စစ်သား ၅ ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Dragon Squad – TNI က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ပြည်ကြီးမဏ္ဍိုင်မြို့ လေညာရွာတံတားကြီးအနီးရှိ စစ်ကော် မရှင်ပြုလုပ်တဲ့ အတုအ‌ယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မဲရုံကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် မဲရုံလုံခြုံရေးယူထားတဲ့ စစ်သား ၅ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Dragon Squad – TNI အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Dragon Squad – TNI

0 Shares:
You May Also Like
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အယောက် ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်သား ထွက်ဆို (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီသယ်လာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။