မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စလင်းမြို့နယ် စိဆွယ်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရိက္ခာပြတ်လပ်နေတဲ့အတွက် ကံစွယ်ရွာအတွင်း ဝင်‌ရောက်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက်တွေ ခိုးယူနေစဉ် တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေ အထိနာ ထွက်ပြေးသွားပြီး ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နဂါးရိုင်းစစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့အတူ ညောင်ဦးခရိုင် အမှတ် (၃) တပ်ရင်းနဲ့ RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Rocket Fighter

0 Shares:
You May Also Like
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ၃ ကြိမ် ဗုံးပေါက်ကွဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။