မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က အောင်လံမြို့နယ် သမ္ဗူလရဲစခန်းနဲ့ ကပစ ၁၅ကို အကာအကွယ်‌ပေးထားတဲ့ ဆပ်ဆူဝရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ဂိတ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားတွေကလည်း လက်နက်ကြီးနဲ့ ပြန်လည်ကာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Video – Yoma Fighter Column

0 Shares:
You May Also Like
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ကနေ ရိက္ခာပို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆားလင်းကြီးမြို့သို့ တပ်အချိန်အပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးတွေကြဲ ချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်န ဝါရီ ၂၈ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)  အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်​မြို့အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ တောင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်  ၃ စီးကို ထွန်သာရွာနဲ့ ဂျိုရွာကြား ပွိုင့် ၂ ပွိုင့်နဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YouthGuerrilla CounterRevolution-NZ (LPDF) အဖွဲ့ထံက သိရပါတယ်။