စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဘုတလင်မြို့ပေါ်ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို လေကြောင်းကနေ လာရောက်ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်းဦးခရိုင် တပ်ရင်း ၃၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့၊ csraf၊ BAMAR Army၊ ဒေါင်းမျိုးဆက်၊ Civil Armed Force၊ P0၊ SBTF၊ Oxygen၊ Snipe Rangers Force (Local – PDF) နဲ့ ဘုတလင်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – ညောင်ဦးရင်း ၃