ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကံသုံးဆင့်ကျေးရွာကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီလို့ သတင်းရတာကြောင့် ဧရာညီနောင်တပ်ဖွဲ့က ဦးဆောင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က စစ်ကြောင်းထိုးပြီး မဲရွေးပွဲအတွက် ကာဖို့ လာတာပေါ့။ အဲဒီကို ရောက်ပြီလည်း သတင်းကြားရော ကျနော်တို့က သွားပြီးတော့ ဆီးကြိုတိုက်ခိုက်တဲ့ သဘောပေါ့နော်။ သူတို့ရောက်ပြီး ၁နာရီကျော်မှာ သူတို့ ဘုန်းကြီးကျောင်းကို ဝင်ရုံပဲရှိသေးတယ်။ ကျနော်တို့ ရဲဘော်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ” လို့ တပ်ရင်း ၃၈၀၁ ရဲ့ ဒုတပ်ရင်းမှူး ဦးညီက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်မှာပဲ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ဖီးနစ်တပ်ဖွဲ့က ဦးဆောင်ပြီး တောင်ညိုကွက်သစ်စခန်း အနီးမှာရှိတဲ့ ကွင်းကျယ်ကျေးရွာဘေးမှာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အဲဒီတိုက်ပွဲမှာတော့ စကမတွေဘက်က ပျူတွေရော၊ စကမ တပ်သားတွေရော ၁၀ ယောက်ကျော် ကျတယ်လို့ သတင်းအတိအကျ ရထားပါတယ်။ ၂၇ ရက်နေ့ ညနေကိုပဲ နတ်တလင်းမှာက တဖွဲ့၊ ဒီဘက်မှာက တဖွဲ့ပေါ့နော်။ တညနေတည်း တချိန်တည်းမှာ ၂ ပွဲ ဖြစ်တာပါ” လို့ တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူး ဦးညီက ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်တပ်ထံမှာ ကျောပိုးအိတ်တွေ အများအပြားရခဲ့ပြီး မောင်းပြန်သေနတ် ၁လက်၊ ၆၀ မမ ဗုံးသီးတွေနဲ့ အီနာဂါ ဗုံးသီးတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

ဒီဇင်ဘာ တတိယပတ်အတွင်း အလင်းဝင်သူနှင့် စစ်သုံ့ပန်း စစ်သားစုစုပေါင်း အယောက် ၂၀ ရှိခဲ့

ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုင်းငေါ့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။