မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်အချိန်မှာ ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတို့မှာ မဲရုံစောင့်ရန် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၅ ယောက်ခန့် သေဆုံးပြီး ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ အဆိုပါ ကျေးရွာတွေက မဲရုံတွေကို စစ်တပ်က ပြန်လည် ရုတ်သိမ်းသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PDA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးမစ်ရှင်ဟောင်းတစ်ခု


“သေဆုံးတွေကတော့ မျက်မြင်တော့ မဟုတ်ဘူးဗျ၊ နီးစပ်ရာ သတင်းရတာပါ၊ မဲရုံတွေက ပြန်သိမ်းသွားတယ်၊ မကျင်းပဖြစ်လိုက်ဘူး၊ အခုကတော့ အနီးတဝိုက်ကို စစ်ကြောင်းထိုးရှင်းဖို့တော့ ပြင်နေတာမျိုးလုပ်နေပါတယ်” လို့ PDA တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာ အနီးနားက ကျေးရွာတွေဖြစ်တဲ့ ပြွန်ရွာ၊ ညောင်ပင်ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာတွေက မဲရုံတွေကိုလည်း စစ်အုပ်စုက ဆက်တိုက်ရုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့အတူ မကွေးခရိုင်တပ်ရင်း (၁)၊ (၂)၊ ဧရာဒေါင်းတပ်ဖွဲ့နဲ့ Chauk Revolution Army (CRA) တို့ ပူးပေါင်း သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။