မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီလောက်မှာ စစ်တပ်ရဲ့ ကပစ (၁၅) ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆပ်ဆူဝရွာထဲ ကျရောက်ပေါက်ကွဲကာ ကလေး ၂ ယောက်နဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲမှာတော့ ရွာသားတွေ မရှိကြတော့ဘူး။ အကုန် ရှောင်ကုန်ကြပြီ။ သေဆုံးတာတွေက အသက် ၆၀ အမျိုးသမီးရယ်၊ အသက် ၅၀ အမျိုးသားရယ်၊ ကျန်တာ ကလေး ၂ ဦး အသက်အတိအကျတော့ မသိရဘူး။ ရှောင်နေရတာဆိုတော့ အတိအကျ မသိရဘူး” လို့ အောင်လံ မြေပြင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မှာတော့ စစ်ကော်မရှင်တပ်ဟာ ကပစ (၁၅) ကနေ အင်အား ၅၀ ခန့်နဲ့ ဆပ်ဆူဝကျေးရွာနားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဆပ်ဆူဝကျေးရွာနားမှာရှိတဲ့ စစ်တပ်ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က အငြိုးထားကာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည် ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး အပူရှိန်များပြီး မီးလောင်၊ လူတွေထိခိုက်မှု မရှိခဲ့ 

ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။