အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ကြည်ပြာနဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ် မလျော်သြဇာသုံး လွှမ်းမိုးခြယ်လှယ်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဝန်ထမ်းဟောင်း (၁၂) ယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၉) ရက်နေ့မှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုင်ကြားစာမှာ ဝန်ထမ်းတွေကို အခန်းကျဉ်းထဲမှာ အလုပ်လုပ်ခိုင်းတာတွေ၊ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားတွေ ပြုလုပ်မပေးတာတွေ၊ ငွေစာရင်း ပျောက်ဆုံးနေတာတွေနဲ့ ဒေါ်ကြည်ပြာမွေးထားတဲ့ ခွေးတွေအတွက် လစဉ်ကုန်ကျစရိတ် မြင့်မားစွာ အသုံးပြုနေတာတွေ စတဲ့ အချက်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး တာဝန်ကနေလည်း ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၉) ရက်နေ့က NUG ရဲ့ ပြန်ကြားရေး PVTV နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာဇော်ဝေစိုးက “အရေးကြီးဆုံး နံပါတ် (၁) ကတော့ အာဏာလိုချင်လို့ ကျနော် တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေအားလုံး ဒီအာဏာကို အလွဲသုံးစားပြုနေတဲ့သူတွေကို တော်လှန်ဖို့အတွက် တော်လှန်ရေး လုပ်နေတာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။



ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ညစဉ် ၈ နာရီကနေ ၁၀ နာရီအထိ အချိန်ပေးပြီး တိုင်ကြားသူ (၁၂) ယောက်၊ အတိုင်ခံရသူ (၂) ယောက်နဲ့ ကြားသက်သေ (၉) ယောက်တို့ကို စစ်ဆေးနေကြောင်းကို ဒေါ်တာဇော်ဝေစိုးက အသိပေးလာပါတယ်။

စစ်ဆေးမှု (၁) လကျော် ကြာမြင့်နေရခြင်းဟာ အစိုးရကို ကူညီနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေ (Donors) တွေနဲ့ ပတ်သက်တဲ့ ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကို အသေအချာ စိစစ်နေရသောကြောင့် ဖြစ်တယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ရှင်းပြထားပါတယ်။

“စာရင်းဇယားတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အသေအချာ စိစစ် စစ်ဆေးလျက်ရှိပါတယ်။ တကယ်တော့ ဒါဟာ Donor တွေပေါ့နော်၊ Development ပါတနာတွေ၊ ကျနော်တို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာဖြစ်တော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယားတွေကိုလည်း ရရှိနိုင်ရေးနဲ့ စစ်ဆေးနိုင်ရေး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။

တစ်ဖက်မှာလည်း တိုင်ကြားခံရသူ ဒေါ်ကြည်ပြာက သူ့ကို တိုင်ကြားခဲ့သူ ဝန်ထမ်းတွေကို အစိုးရလျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ လုံခြုံရေး ထိခိုက်နစ်နာစေမှုတွေနဲ့ NUG ထံ ပြန်လည် တိုင်ကြားထားတာဖြစ်ပါတယ်။

ဒေါက်တာဇော်ဝေစိုးကတော့ အဂတိနဲ့ အမြတ်ထုတ်မှုတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်တဲ့ Zero Tolerance မူဝါဒနဲ့ ကိုင်တွယ်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြပြီးရင် ပြည်သူလူထုထံကထုတ်ပြန်အသိပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဓနုပြည်သူများ စစ်အုပ်စု၏ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် DPLF တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်  ရွေးကောက်ပွဲကို ဓနုပြည်သူတွေအနေနဲ့ အားပေးထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွေ မပြုလုပ်ဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က မနေ့က ထုတ်ပြန်ပါတယ်။