အာဏာသိမ်းစစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ စစ်တပ် လက်ဝေခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) သာ အနိုင်ရနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြားမှာ “တရားမျှတမရှိဘူး” ဆိုတဲ့ ဝေဖန်သံတွေ ပြင်းထန်စွာ ထွက်ပေါ်လာနေပါတယ်။

စစ်တပ်ရဲ့ ဟန်ပြ ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အုံလိုက်ကျင်းလိုက် ပါဝင်နေတဲ့ ကြံ့ခိုင်ရေးပါတီကိုပဲ အနိုင်ပေးမယ်ဆိုတာ သိသိလျက်နဲ့ ဝင်ပြိုင်ခဲ့ကြသူတွေဟာ တကယ်တမ်း ကြံ့ခိုင်ရေး အနိုင်ရလာချိန်မှာတော့ မချိတင်ကဲ စိတ်တွေနဲ့ ပြောဆိုမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။

ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ ခုအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း (၁)မှာ မဲဆန္ဒနယ် အားလုံးနီးပါး စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ USDP ပါတီကသာ အနိုင်ရရှိနေတာဖြစ်ပါတယ်။

ပြည်သူ့ပါတီရဲ့ ဧရာဝတီတိုင်းက ရွေးကောက်ခံတစ်ဦးကလည်း ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိကြောင်း ထောက်ပြခဲ့ပြီး သူ့ရဲ့ ပြောပြချက်အရ ဟင်္သာတမြို့နယ်မှာ တိုင်းဒေသကြီးမဲပုံး ၂၀ ကျော် တချိန်တည်း ပျက်စီးတာတွေ၊ ကြိုတင်မဲကောက်ယူရာမှာလည်း အခြားပါတီတွေကို အသိပေးခြင်းမရှိဘဲ ကိုယ့်ဘာသာကောက်ယူတာတွေနဲ့ မဲစာရင်းမှာ ဒီမိုကရက်တစ်အင်အားစုတွေကို ချန်လှပ်ထားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာလည်း ကြိုတင်မဲ ၁၅၈၃ မဲမှာ ကြံ့ခိုင်ရေးပါတီက ၁၄၉၀ မဲအထိ ရရှိခဲ့ပြီး ကျားဖြူ (SNDP)၊ တစညနဲ့ ပြည်သူ့ပါတီတို့က ၂ မဲ ကနေ ၅ မဲဝန်းကျင်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို မဲအရေအတွက် အဆမတန်ကွာဟနေမှုအပေါ် ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက “ဒါဟာ သဘာဝမကျဘူး၊ အရှက်ခွဲခံရတာပဲ၊ တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်ဆန် လုပ်သွားတဲ့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လုံးဝ လက်မခံကြောင်း ပြောလိုပါတယ်” လို့ ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ကန့်ကွက်စာပို့သွားမယ့်အကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးမောင် (ရခိုင်ဦးဆောင်ပါတီ) နဲ့ ဦးဘရှိန် (ရခိုင်တိုင်းရင်းသားပါတီ) တို့လို ကိုယ်စားလှယ်လောင်းတွေလည်း ရခိုင်ပြည်နယ်အတွင်း ရှုံးနိမ့်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက “အားလုံးက ကျနော်သိသလောက်တော့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းအထိ USDP ပဲ နိုင်တဲ့သဘောရှိတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို တရားမျှတမှုမရှိဘဲ စစ်တပ်ပါတီကသာ တဖက်သတ် အနိုင်ယူမယ့် အခင်းအကျင်းဖြစ်လာမယ်ဆိုတာ သိသိကြီးနဲ့ ပြည်သူ့မေတ္တာခံယူခဲ့ကြတဲ့သူတွေ အခုတော့ သိပြီမဟုတ်လား ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အခုလို ဝေဖန်မှုတွေ ပြင်းထန်စွာ ထွက်ပေါ်နေပေမယ့် အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲအတု အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ဆက်လက်ကျင်းပနိုင်ဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၊ EU နဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်းနဲ့ ပြင်းထန်စွာ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။ 
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။