အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးခဲ့တဲ့ ရုပ်သံဖိုင်ကို ပကဖအသံက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ မနေ့က ထိုသို့ အမြန်လမ်းပေါ် ရှောင်တခင် သွားရောက်စစ်ဆေးချိန်မှာ စစ်ကော်မ ရှင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ထိတွေ့မှုဖြစ်စဉ်အတွင်း တော်လှန်ရေးတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ အထိအခိုက်ရှိတယ်လို့ ကြားသိခဲ့ပေမဲ့ စာရင်းကိုတော့ အတည်ပြု စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။