မကွေးတိုင်း ဆိပ်ဖြူနဲ့ ဆော မြို့နယ်များအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ယမန်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လ ၂၀ ရက်ဝန်းကျင်နေ့များမှာ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းက အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၁) နဲ့ ဆောမြို့နယ်ထဲက အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၅) တို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် ၄တိုင်ကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ၄င်းတို့က ဆိုတာပါ။

တော်လှန်ရေးတပ်များရဲ့ဖောက်ခွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆိုပါ လျပ်စစ်ဓါတ်အားလိုင်းတာဝါတိုင်တွေကို ဒီကနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိတာကြောင့် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၅) မှာ လက်ရှိချိန်ထိ  လျပ်စစ်မီးပြတ်တောက်နေတယ်လို့လည်း PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆)ရဲ့ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လွိုင်ကော်-ဆီဆိုင်လမ်းမကြီးပေါ်မှာ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်၊ ၄ ယောက် သေပြီး သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးပေါ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို မတ်လ ၂၉ ရက်က တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ဗျူဟာအမှတ် (၂)ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ မြိုင်ပဖက က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။