ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုးစစ်ဆင်မှုတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်းစစ်ဌာနရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး အဆိုပါ မြို့နယ်တွေအတွင်းက စစ်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတွေကို မီးရှီု့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဗုံးသီးတွေ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းက ကပစ (၂၁) ၊ ကပစ (၂၂) နဲ့ လက်နက်ကြီးကျည်တွေ ထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းက ကပစ (၂၄) ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်းက ဓာတ်တိုင် ၁၀၀ ကျော်ကို တပြိုင်တည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၂၅ ရက် ည ၇ နာရီခန့်မှာလည်း စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ဘက် ဦးတည်ထွက်ခွာလာတဲ့ အင်အား ၁၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ရဲ့ ဒရုန်းတွေနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကား ၅ စီးပျက်စီးကာ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်ကျဆုံးမှုများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စလင်းမြို့နယ်အတွင်း စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တို့ကို ဝန်းရံပိတ်ဆို့ထားကြောင်း မကွေးတိုင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။