မကွေးတိုင်း၊ ရေနံချောင်းကနေ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက် ၆နာရီလောက်မှာ အဆိုပါစစ်ယာဥ်တန်းဟာ ကား ၃စီးနဲ့ ထွက်လာချိန် ချောက်မြို့နယ် အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်း တစ်နေရာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာ လိုက်ပါစီးနင်းလာတဲ့ စစ်အုပ်စုတွေထဲက အရာရှိ ၁ ယောက် နဲ့ တပ်သား ၁၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ယာဥ်တန်းဟာ ထိမှန်ပျက်စီးသွားတဲ့အတွက် ဂွေးချိုရွာနားမှာ ရပ်နားလိုက်ရတယ်လို့လည်း သိရပါတယ်။

“ချောက်ကိုထွက်လာတဲ့ စစ်ကူယာဉ်တန်းတွေပါ။ ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ ကား ၃ စီးပေါ့။ လူအင်အား ၇၀ လောက်ပါမယ်လို့ သိရတယ်။ အဲ့ကားတွေ မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ဂွေးချိုမှာ သူတို့ယာဉ်တန်းတွေ ရပ်နားသွားရတယ်။ မျက်မြင်တွေ့ရှိချက်တွေအရ ကားပေါ်မှာ ကားဘေးပတ်ချာလည်မှာ သွေးကွက်တွေ မြင်ခဲ့တာတွေရှိတယ်” လို့ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံ ကိုပိုင်က မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နဲ့  မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး Chauk Guerrilla Force (ချောက်မြို့နယ်ပကဖလက်ရုံးစစ်ကြောင်း)၊ မကွေးခရိုင်ပကဖ တပ်ခွဲ (၁)၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၂) မြေလတ်ရေနံ့သာအဖွဲ့ ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၃) Chauk Revolution Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၄) ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၅) Chauk Special Attack Force  ၊ မကွေးခရိုင်ပကဖ တပ်ခွဲ (၆) သခင်ဖိုးလှကြီးအဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

BT-16 လို့ နာမည်ပေးထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ Royal Brother Defence Force (RBDF)တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ဆင်ဖြူ ကျွန်းအနီးရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNL ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း သေ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ‌ညောင်ရွှေမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ဗိုလ် မှူးအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Pekhon Sky Predators Drone Force အဖွဲ့ထံက သိရပါတယ်။