စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဒီမနက် ၁၁နာရီခွဲကျော်လောက်မှာ ဝက်လက်မြို့အနောက်ဘက် လိန်ပင်ရွာအနီးတဝိုက်ကို တံတားဦးလေတပ်က တက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာ တစ်စီးက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက် သေဆုံးကာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့နေရာက တိုက်ပွဲလည်းဖြစ်ပွားတာမရှိဘူး။ သက်သက်ကို ပြည်သူပိုင်နေအိမ်ကို ကြဲချသွားတာ။ သေဆုံးသူတွေက မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေက အဲ့မိသားစုဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေပဲ” လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“လောလောဆယ်ဆယ်ကတော့ စောင့်ကြည့်နေရတယ်.. အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်ကိုတော့။ အဲ့ရွာက အရင်ကလည်း လေကြောင်းကြဲခံရဖူးတယ်။ အဲ့တုန်းက ထိခိုက်သေ‌ဆုံးသူတော့ မရှိဘူး။ ရွာသားတွေ သတိနဲ့ နေကြရတယ် ” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းရွာထဲကို စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးပြီး နေအိမ်နဲ့ ကားတွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်တွေဆီမှာ လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို ထိုင်းအစိုးရထံ DKBA လွှဲပြောင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Read More

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အဖွဲ့က ရန်ကုန်တပ်ရင်းတွေ၊ ရန်ကုန်ပကဖ တို့နဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ရန်ကုန်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂) နဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့နဲ့ တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာအခြေစိုက် နမခ နှင့် အမတ ၅၀၈ တပ်ရင်းများကို ရော့ကတ်အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်းတို့ကို ရော့ကတ် အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။