မကွေးတိုင်း ဆိပ်ဖြူနဲ့ ဆော မြို့နယ်များအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ယမန်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လ ၂၀ ရက်ဝန်းကျင်နေ့များမှာ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းက အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၁) နဲ့ ဆောမြို့နယ်ထဲက အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၅) တို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် ၄တိုင်ကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ၄င်းတို့က ဆိုတာပါ။

တော်လှန်ရေးတပ်များရဲ့ဖောက်ခွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆိုပါ လျပ်စစ်ဓါတ်အားလိုင်းတာဝါတိုင်တွေကို ဒီကနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိတာကြောင့် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၅) မှာ လက်ရှိချိန်ထိ  လျပ်စစ်မီးပြတ်တောက်နေတယ်လို့လည်း PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆)ရဲ့ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက် (ရုပ်/သံ)

ရှေ့တန်းမြေပြင်မှ မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက်တွေကို ယခုလိုပဲပြောပြခဲ့ကြပါတယ်။
Read More

ရေနံ့သာကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု စခန်းမှူးထွက်ပြေးပြီး သုံ့ပန်း ၁ ယောက်နဲ့ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ကံမမြို့နယ် ရေနံ့သာကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ ဧပြီ ၂၅ ရက် နံနက်အ စောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ ဆုံပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲပေါင်း ၆၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည့်လက်နက်ကြီးရဲ‌ဘော် ရှောက်သီး တော်လှန်‌ရေးကာလဖြတ်သန်းမှု (ရုပ်/သံ)

မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲပေါင်း ၆၀ ကျော်ကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးရဲဘော် ရှောက်သီးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုကို 3702-Warrior's Adventure က ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။