တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်၊ မနေ့ နေ့လယ် ၁၂ နာရီလောက်က ရာဖူးရွာထိပ်မှာ အင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ခလရ (၂၈၂) လက်အောက်ခံ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိနစ် ၂၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ကြပ်အရာရှိအပါအဝင် ၃ ယောက် ထိမှန်သေဆုံးသွားခဲ့ပါတယ်။

“ထိတွေ့ဖြစ်တာက ရွာထိပ် တပ်စွဲထားတဲ့နေရာမှာပါ။ ခွေးဘက်က ဝင်တာနဲ့ ၃ ဦး ကျတယ်။ အလစ်အငိုက် ထိတယ်။ စကစဘက်က လက်နက်ငယ် လက်နက်ကြီး ရမ်းပစ်တာတွေ ရှိတယ်” လို့ ရေးဘီလူး တပ်ရင်းမှူး ကိုထက်လှိုင်ဝင်းက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ KNLA တပ်ရင်း (၂၇) နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုဘက်က ရာဖူးရွာမှာ လူအင်အား ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင် အသက်ပေးလှူသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး PSLF/TNLA က အလှူဒါနပြုလုပ်ခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာမှာ (၁၀၂၇) စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်ကို တော်လှန်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA  တပ်မတော်သားတွေနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး အောက်တိုဘာလ (၂၇)ရက် (၁၀၂၇)စစ်ဆင်ရေး တစ်နှစ်ပြည့်မှာ အလှူဒါနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။