စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ ပြည်သူတွေကို မဲတစ်မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ စည်းရုံးခဲ့တဲ့ စစ်ကော်မရှင်လက်အောက်ခံတပ်သားများရှိရာ မြောင်ရဲစခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။

ဒီမြောင်ရဲစခန်းထဲက စစ်ကော်မရှင်တပ်သားတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် မဲထည့်ကြဖို့ ပြည်သူတွေကို ငွေကြေး ၂ သောင်းပေးပြီး စည်းရုံးခဲ့ကြတာပါ။ ဒါပေမဲ့ မဲရုံတွေကိုတော့ မြို့ထဲမှာ မဆောက်လုပ်ရဲတဲ့အတွက် မြောင်မြို့ရဲစခန်းထဲမှာသာ သွားရောက်မဲထည့်ရတယ်လို့ သိရပါတယ်။

“မသွားတဲ့ပြည်သူတွေက များတယ်၊ တစ်ချို့သွားခိုးပေးတဲ့သူတွေရှိရင်ရှိမှာပေါ့၊ မဲရုံကို အပြင်မှာလုပ်လို့မရဘူး၊ စခန်းထဲပဲ လုပ်ရဲတာ၊ လောလောဆယ်တော့ သွားပေးတယ်လို့ သိပ်အသံမကြားရဘူး၊ ဒီနေ့မနက်မှ ၂ သောင်းပေးမယ်လို့ပြော‌တော့ တကယ်မဲသွားပေးတဲ့သူဆိုရင် ရမလားမသိဘူး၊ ဒါပေမယ့် သူတို့လည်း ထုတ်မပြောရဲဘူး၊ ဒီဘက်မှာ ပြန်ဖမ်းခံရမှာလေ” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ် မှ ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အကြောင်းအမျိုးမျိုးပြပြီး ရဲစခန်းထဲမှာ ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀ ဝန်းကျင်ရဲ့ မိသားစုဝင်တွေကိုလည်း ဒီနေ့မှာ လာရောက်တွေ့ဆုံခိုင်းပြီး မဲထည့်ခိုင်းတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“မြောင်ရဲစခန်းမှာ ဖမ်းထားတဲ့သူတွေရဲ့ မိဘတွေကို ဧည့်တွေ့လာဖို့ ဒီနေ့ခေါ်တယ်၊ ပြီးတော့ မဲပေးခိုင်းတယ်၊ ဒီနေ့ လာမတွေ့တဲ့သူတွေကို နောက်ရက်တွေမှာ ပေးမတွေ့ဘူး၊ အဲလိုမျိုး ချိန်းခြောက်တာမျိုးတွေ၊ ဖိအားပေးတာမျိုးတွေလည်းလုပ်တယ်” လို့ ဗိုလ်တိုက်ဂါးက ဆက်ပြောပါတယ်။

အခုလို ပြည်သူတွေကို ဖိအားပေးခြိမ်းခြောက်နေတဲ့ မြောက်နယ်ရဲစခန်းထဲက စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဒရုန်းဗုံးသီးတွေ နဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ အလ္လကပ္ပတိုက်နယ် ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams နဲ့ စစ်ကိုင်းခရိုင်ရင်း ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူးလို့ SNLD သတိပေး

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

မုံရွာအခြေစိုက် နမခ နှင့် အမတ ၅၀၈ တပ်ရင်းများကို ရော့ကတ်အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်းတို့ကို ရော့ကတ် အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

Passport ၊ MOU လုပ်သားနဲ့ CI သမားတွေကို သက်တမ်းတိုးပေးမယ်လို့ ထိုင်းနိုင်ငံ စစ်ကောင်စီသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ မနေ့က အောက်တိုဘာ ၂၃ ရက်မှာ နိုင်ငံကူးလက်မှတ်၊ MOU လုပ်သားနဲ့ CI စာအုပ်ကိုင်ဆောင်ထားသူတွေကို သက်တမ်းတိုးပေးမယ်လို့ ထုတ်ပြန်လာပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုက ညောင်ကိုင်းကျေးရွာပျူစခန်းကို စခန်းစွန်ခွာ ထွက်ပြေးအောင် ရွှေဘို ပကဖ နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။