မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆပ်ဆူဝရွာမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီး (၄) လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆပ်ဆူဝမှာ ဂိတ်ထိုင်တာ ၂လဝန်းကျင်ပဲ ရှိဦးမယ်။ ထိခိုက်သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး။ သူတို့ဘက်ကတော့ ၁၂၀ မမ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတာမျိုး ရှိပါတယ်” လို့ ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဆပ်ဆူဝရွာဂိတ်ဟာ သမ္ဗူလ ရဲစခန်းနဲ့ ကပစ ၁၅ ကို အကာအကွယ်ပေးထားတဲ့ ဂိတ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါ ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေ ပြန်လည်ကာ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့လည်း ဆိုပါတယ်။

“အဲဒီဂိတ်က ကပစ ၁၅ ကိုရော သမ္ဗူလရဲစခန်းကို သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ထိုင်ထားတာပါ၊ ဒေသခံတွေကတော့ လက်နက်ကြီး ရမ်းပစ်နေတော့ ရှောင်တိမ်းနေရတာမျိုးတော့ရှိပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

မစ်ရှင်ဖော်ဆောင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ ရိုးမဖိုက်တာ)

0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။