စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်ညမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ည ၈ နာရီကျော်လောက်မှာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကြံခိုင်ရေးရုံး၊ ရှေ့တန်းရုံး နဲ့ မဲရုံဆောက်လုပ်ထားတဲ့နေရာတစ်ဝိုက်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
“မြဝတီဈေးရှေ့က ကြံ့ဖွတ်ရုံးရှေ့ပေါက်တော့၊ ရုံးနားက ကလေးမလေးတစ်ယောက် အစမှန်ပြီး ဆေးရုံးပို့လိုက်ရတယ်၊ ဗုံးနဲ့ပစ်တာလား မိုင်း လားဆိုတာကတော့ ကျနော်တို့လည်း တိတိကျကျတော့ မသိရသေးဘူး၊ ကွဲတဲ့အသံကတော့ အကျယ်ကြီးပဲလို့ ” လို့ မြဝတီနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ပေါက်ကွဲမှုဟာ မွန်ကျောင်းရှေ့ရှိ ဆရာစံပု အမက (၆) မဲရုံလုပ်ထားတဲ့ ကျောင်းနားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ် ။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တံတား (၂) နားမှာ နေထိုင်တဲ့ ပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိတယ်လို့ ဆိုပါတယ်။
မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲတွေကို ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက် မြို့နယ်၊ ကျေးရွာအသီးသီးရှိ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူများကို ကျေးရွာတွေကနေ ရှောင်တိမ်းခိုင်းပြီး၊ စစ်အုပ်စုနဲ့ နီးရာ မဲရုံရှိရာ နေရာတွေကို သွားလာခြင်းမပြုလုပ်ကြဖို့ကို သတိပေးထုတ်ပြန်ထားပါတယ်။
ပုံ-ဆိုရှယ်မီဒီယာ