ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အင်အားကြီး အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်ဗျူဟာကုန်း အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တိုက်ပွဲဖော်ဆောင်မှုမှာ ပါဝင်တဲ့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။

အဆိုပါ စစ်တပ်ဗျူဟာကုန်းကို KNLA ဦးဆောင်ပြီး မဟာမိတ်တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၄ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ကာ ဒီနေ့အချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ဆက်လက်တိုက်ခိုက်နေတုန်းပါ။ ဗျူဟာကုန်းအနီးတဝိုက်ကို ထိုးစစ်ဆင်နေပါတယ်။ ရန်သူဘက်က လက်နက်ကြီးတွေ၊ လေယာဥ်ပစ်ကူတွေ ဆက်တိုက်ပေးတာ။ အောက်ခြေလောက်ပဲ စစ်ရေးဖော်ဆောင်နိုင်ပါသေးတယ်” လို့ နဂါးနက်စစ်ကြောင်းက ဗိုလ်တက်တူးက မောင်းကို ပြောပါတယ်။

နဂါးနက်စစ်ကြောင်း တပ်ဖွဲ့ဝင်များ

ဖာပွန်ဗျူဟာကုန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ အများအပြား ရှိပေမယ့် အတိအကျ သိရသေးဘူးလို့ ဆိုပါတယ်။ နဂါးနက်စစ်ကြောင်းဟာ KNLA ဦးဆောင်တဲ့ တိုက်ပွဲတွေအတွင်း ဖာပွန်ခရိုင် စစ်တပ်လက်အောက်ခံ ခလရ (၁၉)၊ ခမရ (၄၃၄)၊ စစန (၆၄၂) နဲ့ ဖာပွန်ခရိုင် ကမမောင်းလမ်းပေါ်ရှိ တပ်စခန်း ၅ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲအတုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ့်အကြောင်းလည်း ပြောခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲကို လုံးဝလက်မခံဘူး။ နောက်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ KNU/KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်တွေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားပါမယ်” လို့ ဗိုလ်တက်တူးက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ စက်ရုံပိတ်သိမ်းမည်ဟု အကြောင်းပြကာ မြန်မာ အလုပ်သမား (၂၇) ယောက်အား အလုပ်ထုတ်၊ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

ရွှေကျင်မြို့နယ်တွင် မင်္ဂလာဆောင်နေအိမ်ပေါ် စစ်ကောင်စီ ဗုံးကြဲ၊ သတို့သမီး အပါအဝင် ၁၀ ဦး သေဆုံးကြောင်း ကနဦး သိရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးရွာရှိ မင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးနှင့် ကလေးငယ် အပါအဝင် ၁၀ယောက် သေဆုံးကာ အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ ကနဦး သိရပါတယ်။