မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆပ်ဆူဝရွာမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီး (၄) လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆပ်ဆူဝမှာ ဂိတ်ထိုင်တာ ၂လဝန်းကျင်ပဲ ရှိဦးမယ်။ ထိခိုက်သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး။ သူတို့ဘက်ကတော့ ၁၂၀ မမ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတာမျိုး ရှိပါတယ်” လို့ ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဆပ်ဆူဝရွာဂိတ်ဟာ သမ္ဗူလ ရဲစခန်းနဲ့ ကပစ ၁၅ ကို အကာအကွယ်ပေးထားတဲ့ ဂိတ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါ ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေ ပြန်လည်ကာ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့လည်း ဆိုပါတယ်။

“အဲဒီဂိတ်က ကပစ ၁၅ ကိုရော သမ္ဗူလရဲစခန်းကို သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ထိုင်ထားတာပါ၊ ဒေသခံတွေကတော့ လက်နက်ကြီး ရမ်းပစ်နေတော့ ရှောင်တိမ်းနေရတာမျိုးတော့ရှိပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

မစ်ရှင်ဖော်ဆောင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ ရိုးမဖိုက်တာ)

0 Shares:
You May Also Like
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ကရင်နီ တော်လှန်ရေးတပ်များ ပူးပေါင်းပြုလုပ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းထံက သိရပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ KNDF အသိပေးထုတ်ပြန်

ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။