မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ဒီမနက် ၁ နာရီအချိန်မှာ စစ်အုပ်စု ကျင်းပပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လုံး ပစ်ခတ်ရာမှာ ၄ လုံးဟာ လပခ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူ ထိမှာစိုးလို့ လပခ ထဲ ကိုပဲ ပစ်တာပါ။ ၄ လုံးလုံး လပခ ထဲ ကျရောက်ပေါက်ကွဲတာ နယ်မြေခံ သတင်းတွေက မနက် အစောကတည်းက ရပြီးပါပြီ။ စကမ က လက်နက်ကြီးငယ်တွေ နဲ့ တရစပ် ရမ်းသန်းပြီး counter ပြန်ပစ်ခတ်တာတွေအရမ်းများတာမို့ မြို့နေပြည်သူ အချို့ ထိတာလည်း သတင်းအတိအကျရပါတယ်” လို့ BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရှော့တိုက်ဒုံးတွေ လပခအတွင်းကို ကျရောက်ပေါက်ကွဲတဲ့ အသံဟာ မန္တလေးတမြို့လုံး ကြားရပြီး စစ်ကော်မရှင်ခန့် မန်းဝန်ကြီး ဦးမျိုးအောင်ကလည်း လပခအတွင်း ထိမှန်တဲ့အကြောင်း အင်တာဗျူးတွေမှာ ဝန်ခံပြောဆိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂ယောက် ရှိတယ်လို့ သိရပေမယ့် ဒီထက် အရေအတွက် များနိုင်ကြောင်းနဲ့ စစ်တပ်ရဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတချို့ ထိခိုက်တာကိုလည်း စိတ်မကောင်းဖြစ်ရကြောင်း ကိုလည်း BWM ကနေ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No more Dictorship (NMD-PDF)၊ Shadow (အညာ) နဲ့ Infinity (ပူးပေါင်းအဖွဲ့) တို့ ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခကို ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု အရာရှိများအပါ စစ်အုပ်စုဘက်မှ ၁၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother - C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ် တောင်ကျရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး (၅) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော်ရှိနေသည့် ဒေါက်တာသက်သက်ခိုင် စစ်အုပ်စု၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် မရ..

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ အကြွေးပေးဖို့ ရှိနေတဲ့ အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းအတွက် ဒေါက်တာသက်သက်ခိုင်နဲ့ စီးပွားဖက်တွေက ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ပေမယ့် 68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတဲ့အပြင် ကမ္ဘောဇဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော်ကိုလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။