စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး CDM ဝန်ထမ်း အယောက် ၄၀ အတွက် တစ်ယောက်ကို ၁သိန်းကျပ်စီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဂုဏ်ပြုအခမ်းအနားကို စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ မြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ သပိတ် ဦးဆောင်အဖွဲ့ဝင်တွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။



