အရပ်သားအစိုးရဆီက အာဏာလုယူထားပြီး အတုအယောင် ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုင်းပြည်ရဲ့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ နိုင်ငံဝန်ထမ်းဖြစ်တာကြောင့် သမ္မတ လုပ်ချင်ပါတယ်လို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။
ဒါပေမယ့် သမ္မတ မလုပ်ဘူးလို့တော့ ငြင်းဆိုခြင်း မရှိခဲ့ပါဘူး။ ဒီနေ့စတင်ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲလာပေးရင်း မီဒီယာတွေနဲ့ တွေ့ဆုံချိန် အကြမ်းဖက် မင်းအောင်လှိုင်က အခုလို ပြုံးဖြီးဖြီးနဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်လို့ ပုတ်ခတ်ပြောဆိုကာ လက်ရှိ သူတို့ကျင်းပတဲ့ ဟန်ပြ ရွေးကောက်ပွဲကတော့ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောဆိုသွားခဲ့ပါသေးတယ်။