မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ အိုးဝေမရပ်ပေးမှုကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသား ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ပါလာတဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့ကြောင်းမြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူထံကသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်ကြား ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အထိနာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်အတွက် မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကနေ စစ်ကူတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲ့ဒီစစ်ကူတပ်ဟာ တလုပ်ပင်ကျေးရွာတောင်ဘက်မှာ အိုးဝေ ၁စီးကို ဟန့်တားဖမ်းဆီးချိန် မရပ်ပေးလို့ဆိုပြီး အသေပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် အိုးဝေမောင်းနှင်သူအပါအဝင် အမျိုးသား ၄ယောက် သေဆုံးခဲ့တာဖြစ်ပြီး မိသားစုထံ အဆက်သွယ်မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

“သေဆုံးသူ ‌ (၄)ယောက်လုံးက နတ်မောက်မြို့ တမာပင်ရပ်ကွက်ကပါ။ အိုးဝေ‌ပိုင်ရှင်က ကိုဇော်ထက်ဆိုသူပါ။ နားတစ်ဖက်မှာ စိန်နားကပ်အစစ်ပါတယ်။ နောက်ပြီး ကိုနေဝင်းဆိုတဲ့သူမှာ သိန်း၅၀ ၀န်းကျင်တန်တဲ့ လက်စွပ် ၁ကွင်းပါတယ်။ သိရတာ ရွှေထည်နဲ့ ငွေသားကြီးပဲ သိန်း ၂၀၀ လောက်ပါတယ် ပြောတယ်။ ” လို့ မြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သေဆုံးသူတွေရဲ့ ဖုန်း(၄)လုံးနဲ့ အိုးဝေကိုလည်း မိသားစုထံပြန်လည်အပ်နှံတာမျိုးမရှိသလို ဒီဇင်ဘာလ ၂၁ရက်နေ့မှာ မီးရှို့သ​င်္ဂြိုလ်လိုက်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုအတွင်း အသက်ရှင်နိုင်သူ ၂ယောက် ပါဝင်ခဲ့ပေမယ့် စစ်တပ်က ဆေးကုသခွင့်မပေးဘဲ မိသားစုမသိအောင် ​သင်္ဂြိုဟ်ခဲ့ကြောင်းသိရပါတယ်။

အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ (ဓာတ်ပုံ မြို့သစ်မြို့နယ် ပကဖ)

0 Shares:
You May Also Like
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငဖဲမှာ ကပစ ၁၄က ထွက်လာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက် မြို့မ ရဲစခန်း၊ ထွေအုပ်ရုံတွေလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ကပစ ၁၄ကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို ငဖဲ-စေတုတ္ထရာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။