မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မြင်းခြံမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ထနောင်းမြေစစ်ကြာင်း နဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်းတို့ ကင်းပုန်းဝပ်စောင့်ဆိုင်းနေချိန်မှာ မြို့ပေါ်ကနေ ထွက်လာတဲ့ ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ နောက်လိုက် ၃ ဦးဖြစ်တဲ့ ပျူ ပြည်သူ့စစ်အမျိုးသမီး (၃)ယောက်ကို အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရတာပါ။
“မြို့ပေါ်ကနေ ထွက်ဆိုင်ကယ်နဲ့ ထွက်လာတာပါ၊ သူတို့မှာဘာလက်နက်မှပါမလာပါဘူး၊ သူတို့က သီတာယုမွန်နောက်လိုက်တွေဆိုတာ ကျနော်တို့က အစထဲကသိတယ်ဗျ၊ သူတို့ကလည်း အဲ့လိုဝန်ခံပါတယ်၊ သူတို့ကို စစ်သုံပန်းအနေနဲ့ပဲ ထားမှာပါ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ် ။
အဆိုပါ ပျုစောထီး ပြည်သူ့စစ်အမျိုးသမီး ၃ ယောက်ဟာ ဆိုင်ကယ်မောင်းပြေးတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိမှန်ဒဏ်ရာအနည်းငယ်ရရှိသွားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသမှု လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာဖမ်းဆီးရမိထားတဲ့ ပျုစောထီးအမျိုးသမီး ၃ ယောက်ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး စစ်ဆေးရရှိတဲ့ သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။



