မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ လက်ရှိအချိန်ထိ ပျက်စီးသွားတဲ့ မီးတိုင်တွေကို လာရောက်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ကပစ စက်ရုံတွေဆိုတာက လျှပ်စစ်မီးကို ကြီးကြီးမားမား သုံးစွဲရတာပါ။ အခုလို လျှပ်စစ်မီးပပြတ်တောက်သွားတော့ စက်ရုံရော သူတို့အသိုင်းအဝိုင်းရဲ့ နေရေးထိုင်ရေးကအစပေါ့နော်… သူတို့ကို အတော်လေး အကြပ်ရိုက်သွားစေမှာပါ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၆) သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ကစပ စက်ရုံတွေဟာ အရံမီးစက်တွေနဲ့သာ အချိန်ပိုင်း မီးစက်နှိုး အသုံးပြုနေရတဲ့ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကပစ စက်ရုံပေါင်း ၂၅ ရုံရှိပြီး ကပစ စက်ရုံအများစုကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ဆောက်ထားကာ စက်ရုံပေါင်း ၁၅ ရုံအထိ ရှိပါတယ်။ ဒုတိယအများဆုံး ရှိတဲ့ ဒေသကတော့ ပဲခူးတိုင်း ဖြစ်ပြီး စက်ရုံ ၇ ရုံ ရှိကာ နေပြည်တော်မှာ ၂ရုံ၊ ရန်ကုန်တိုင်းမှာ ၁ရုံ တည်ဆောက် ထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ တော်လှန်ရေးတပ်တွေ လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့ ကပစ (၂၁) ဟာ လေယာဉ်ဗုံးသီးတွေ ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ကပစ (၂၅) ကတော့ ယမ်းချက်တဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ကြားထဲမှာ မီးတိုင်တွေကို ဖျက်ဆီးခဲ့ဖူးတယ်။ ၁တိုင်စ ၂တိုင်စပေါ့။ အဲ့တုန်းကကျတော့ စစ်ကြောင်းတွေနဲ့ ကာကင်းတွေယူပြီး လာပြင်ကြတာပေါ့။ ၁တိုင်လောက်ပဲဆိုတော့ ခဏလေးနဲ့ ပြီးသွားတယ်။ အခုကတော့ အရင်ကလို ဖြစ်မှာစိုးလို့ ကျနော်တို့တွေ အချိန်ယူ ပြင်ဆင်ပြီးကာမှ အလှမ်းဝေးတဲ့ တောထဲမှာပေါ့နော်။ ပစ္စည်းတွေ သယ်ယူပြင်ဆင်ဖို့ ခက်တဲ့နေရာက မီးတိုင်ကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်” လို့ အထက်ပါ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ မီးတိုင်တွေရဲ့ ပျက်စီးမှုတွေကို တောတိုးပြီး လာရောက်ကြည့်ရှုတာတွေ ရှိသလို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းရရှိထားတယ်လို့ ကနဦး သိရပါတယ်။

အခက်အခဲများကြားမှ မစ်ရှင်ဖော်ဆောင်ခဲ့သည့် ဂန့်ဂေါခရိုင် တပ်ရင်း (၆) ရဲဘော်များ (ဓာတ်ပုံ ဂန့်ဂေါခရိုင်တပ်ရင်း ၆)

0 Shares:
You May Also Like
Read More

ညောင်ဦးနှင့် ဝမ်းတွင်းတွင် စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးမှုများ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်မှာ အာဠာဝကစစ်ကြောင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ​ရေ​ဘေးသင့်ပြည်သူတွေကို ကူညီပေးခဲ့တဲ့ ဘာသာ​ပေါင်းစုံ လူမှူ​ရေးအဖွဲ့အစည်းတွေ ကျေးဇူးတင်ကြောင်းနဲ့ ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ - အာဠာဝကစစ်​ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။