ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ယခုရက်ပိုင်းအတွင်း တကြော့ပြန် ပြန်လည်ပြင်းထန်လာချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇) ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅)ရက်၊ ခရစ္စမတ်နေ့ကစလို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တကျော့ပြန် အရှိန်မြှင့်ဆင်နွှဲနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၄၇) တပ်ရင်းအပါအဝင် စနခ (၆၄၁)၊ ဗန်းမော်တက္ကသိုလ်၊ စကခ (၂၁)နဲ့ အမတ (၃၆၆) စတဲ့နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တော်လှန်ရေးဘက်က ဒရုန်းတွေကြောင့် စစ်အုပ်စုထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရတာပါ။

ခလရ (၄၇)တပ်စခန်းကို အရှိန်မြှင့်တိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်သားများ စခန်းကို စွန့်ခွါထွက်ပြေးသွားခဲ့ကြတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ ဒါ့အပြင် ခလရ (၄၇) ဗျူဟာမှူးနဲ့ အမှတ် ၆၄၁ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၆၄၁) တပ်ရင်းမှူး‌နဲ့ ဒုတပ်ရင်းမှုးတွေလည်း တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့ပြီး စစ်သုံ့ပန်းတွေကို စစ်လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်‌ပြောပါတယ်။ ဒီထိခိုက်သေဆုံးမှုများနဲ့ သုံ့ပန်းများ ဖမ်းဆီးရရှိထားတယ်ဆိုတဲသတင်းအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေးပါဘူး။

လက်ရှိအချိန်အထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ရက် မနေ့ကလည်း မြစ်ကြီးနားလေတပ်စခန်းကို KIAနဲ့ပူးပေါင်းတပ်တွေက အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပြီး စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပါသေးတယ်။
ပုံစာ- စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း KIA တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား…

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။