မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ပြည်သူ့ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မပြဌာန်းခဲ့တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေ” ဆိုတဲ့ မတရားဥပဒေကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်ကာ ဒီကနေ့အထိ ပြည်သူအမြောက်အမြား ဖမ်းဆီးအရေးယူခံထားရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) ကဆိုလိုက်ပါတယ်။

စစ်ကော်မရှင်ရဲ့ သတင်းစာတွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ ပြည်သူ ၂၂၉ ဦးကို အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပေမဲ့ MPW ရဲ့ မြေပြင်အချက်အလက်တွေအရ ဖမ်းဆီးခံရသူ အနည်းဆုံး ၂၉၈ ဦး အထိ ရှိနေပြီး ၎င်းတို့အနက် အမည်စာရင်းနဲ့တကွ အတည်ပြုနိုင်သူ ၁၀၄ ဦး ရှိကာ ကျန် ၁၉၄ ဦးကိုတော့ အတည်ပြုဖို့ ကြိုးစားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဥဒေကြောင့် ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်တိုင်းမှာ ၄၈ ဦး၊ ကရင်ပြည်နယ်မှာ ၂၀ ဦးနဲ့ ချင်းပြည်နယ်မှာ ၁၈ ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့ဝင် ၁၃၈ ဦး အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာသမားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦးအထိ ပါဝင်နေတယ်လို့ MPW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဟာ ၎င်းတို့ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေထဲက ပုဒ်မ ၂၃ နှဲ့ ၂၄ တို့ကို အဓိကအသုံးပြုကာ တရားစွဲဆိုနေတာဖြစ်ပြီး အမိန့်ချမှတ်ရာမှာလည်း အမြင့်ဆုံးပြစ်ဒဏ်တွေကိုသာ ချမှတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၄၉ နှစ်အထိ ပြင်းထန်စွာ ချမှတ်ခံထားရသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ အခုလို လုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တာကြောင့် စစ်တပ်က ကျင်းပပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ မတရားဖမ်းဆီးမှုတွေကို မြန်မာပြည်သူနဲ့တကွ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ဖိအားပေးကြဖို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ကံမမြို့နယ်တွင် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရမှုကြောင့် PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ကံမမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ရဲဘော် ၁ ယောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို မြို့နယ် ပကဖ က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံကာ ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။