တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
အလင်းဝင်ရောက်ပြီနောက် ဦးဇင်မင်းဟာ လွတ်မြောက်နယ်မြေကို သွားရောက်အလုပ်လုပ်ကိုင်ချင်တဲ့အတွက်ကြောင့် ၎င်းဆန္ဒအတိုင်း အလုပ်လုပ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ် ။
တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျုစောထီးများ၊ ပြည်သူ့စစ်များနဲ့ စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလုံပြီး အမြန်ဆုံးပူးပေါင်းကြဖို့ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့က အသိပေး ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာတွေ မပြုလုပ်ကြဖို့ နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်တဲ့နေရာတွေကို သွားလာတာတွေ မပြုလုပ်ကြဖို့ ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

